8 ထိုလမ်းကို သားရဲမနင်း၊ ခြင်္သေ့မရှောက်သေး။
9 လူသည်ကျောက်ပေါ်မှာ လက်တင်၍၊ တောင်တို့ကို ခြေရင်းတိုင်အောင် မှောက်တတ်၏။
10 ကျောက်တို့တွင် ရေစီးစေတတ်၏။ သူ၏မျက်စိသည် ထူးဆန်းသောအရာရှိသမျှတို့ကို ကြည့်မြင်တတ်၏။
11 စီးသောရေကို တဖန်ဖြတ်၍၊ ဝှက်ထားသောအရာတို့ကို ထုတ်ဘော်တတ်၏။
12 သို့ရာတွင်၊ ပညာကိုအဘယ်မှာ တွေ့ရလိမ့်မည်နည်း။ ဥာဏ်သည်လည်း အဘယ်အရပ်၌ နေသနည်း။
13 ဥာဏ်ပညာအဘိုးကို လူမသိနိုင်။ အသက်ရှင်သောသူတို့၏ နေရာ၌ ရှာ၍မတွေ့နိုင်။
14 နက်နဲသောအရပ်က ငါ၌မရှိ။ ပင်လယ်ကလည်း၊ ငါ၌မရှိဟု ဆိုတတ်၏။