ယောဘဝတ္တု။ 31:16-22 BJB

16 ငါသည် ဆင်းရဲသားတောင့်တသောအရာကို မပေးဘဲနေဘူးသလော။ မုတ်ဆိုးမမျက်စိကို ပျက်စေခြင်းငှါ ပြုဘူးသလော။

17 မိဘမရှိသောသူတို့အား စားစရာကိုမမျှဘဲ၊ ငါတယောက်တည်း စားဘူးသလော။

18 ဆင်းရဲသားသည် အဘထံမှာ နေသကဲ့သို့၊ ငါ့အသက်ငယ်စဉ်ကာလမှစ၍ ငါနှင့်အတူ ကျွေးမွေးခြင်းကို ခံပြီ။ ငါသည် ဘွားမြင်သောနေ့မှစ၍ မုတ်ဆိုးမကို မစပြီ။

19 အဝတ်မရှိသောကြောင့် သေခြင်းသို့ရောက်သော သူတစုံတယောက်နှင့်၊ ခြုံစရာမရှိဘဲ ဆင်းရဲစွာနေသောသူ တစုံတယောက်ကို ငါမြင်၍၊

20 သူ၏ခါးသည် ငါ့ကိုကောင်းကြီးမပေး။ ငါ့သိုးမွေးအားဖြင့် မနွေးဘဲနေသော်၎င်း၊

21 ရုံးတော်တွင် ငါ့ဘက်၌ နေသောမင်းကို ငါသည်မြင်၍၊ မိဘမရှိသောသူကို ညှဉ်းဆဲမိသော်၎င်း၊

22 ငါ့လက်မောင်းသည် ပခုံးကကျပါစေ။ ငါ့လက်ရိုးကျိုးပါစေ။