ယောဘဝတ္တု။ 32:1-5 BJB

1 ထိုသို့ယောဘသည် မိမိဖြောင့်မတ်သည်ဟု ထင်သောကြောင့်၊ ထိုသူသုံးယောက်တို့သည် ပြန်၍ မပြောဘဲနေကြ၏။

2 ထိုအခါ ဗုဇအမျိုးအာရအနွယ်ဖြစ်သော ဗာရခေလသားဧလိဟု သည်အမျက်ထွက်၏။ ယောဘသည် ဘုရားသခင်ထက်မိမိဖြောင့်မတ်ကြောင်းကို ပြသောကြောင့်၊ ယောဘကို အမျက်ထွက်၏။

3 ယောဘ၏ အဆွေခင်ပွန်းသုံးယောက်တို့သည် ပြန်၍မပြောနိုင်သော်လည်း၊ ယောဘ၌ အပြစ်ရှိသည်ဟု စီရင်ကြသောကြောင့်၊ သူတို့ကိုလည်း အမျက်ထွက်၏။

4 ဧလိဟုသည် သူတို့ထက်အသက်ငယ်သောကြောင့်၊ ယောဘပြောသော စကားမကုန်မှီတိုင်အောင် ဆိုင်းလင့်လျက်နေ၏။

5 ထိုသူသုံးယောက်တို့သည် ပြန်၍ ပြောစရာစကားမရှိကြောင်းကို သိမြင်သောအခါ အမျက်ထွက်လေ၏။