ယောဘဝတ္တု။ 33:1-7 BJB

1 သို့ဖြစ်၍ အိုယောဘ၊ ငါမြွက်ဆိုသောစကား အလုံးစုံတို့ကို နားထောင်နာယူပါလော့။

2 ငါသည် ယခုနှုတ်ကိုဖွင့်၍ လျှာနှင့်မြွက်ဆိုသော အခါ၊

3 ငါသဘောဖြောင့်သည်နှင့်အညီ ငါ့စကား ဖြောင့်လိမ့်မည်။ ငါ့နှုတ်သည် ရှင်းလင်းသောပညာစကားကို မြွက်ဆိုလိမ့်မည်။

4 ဘုရားသခင်၏ဝိညာဉ်တော်သည် ငါ့ကို ဖန်ဆင်းတော်မူပြီ။ အနန္တတန်ခိုးရှင်၏အသက်တော်သည် ငါ့ကို အသက်ရှင်စေတော်မူပြီ။

5 သင်သည်တတ်နိုင်လျှင် ငါ့ကိုပြန်ပြောလော့။ ကိုယ်စကားကို ပြင်ဆင်လော့။ ကြိုးစားလော့။

6 ဘုရားသခင့်ရှေ့မှာ ငါသည်သင်နှင့် တူ၏။ ငါသည်လည်း မြေမှုန့်ဖြင့် ဖန်ဆင်းတော်မူရာဖြစ်၏။

7 သင်သည် ကြောက်ရွံ့ရမည်အကြောင်း ငါ၌ ကြောက်မက်ဘွယ်သော အရာမရှိ။ သင့်အပေါ်မှာ ငါသည်လေးသောလက်ကိုမတင်။