ယောဘဝတ္တု။ 33:14-20 BJB

14 ဘုရားသခင်သည် တကြိမ်မိန့်မြွက်တော်မူ၏။ လူမရိပ်မိလျှင် နှစ်ကြိမ်တိုင်အောင် မိန်မြွက်တော်မူ၏။

15 လူသည်အိပ်ရာပေါ်မှာငိုက်လျက် အိပ်ပျော်လျက်နေသောအခါ အိပ်မက်မြင်၍၊ ညဉ့်ရူပါရုံကို ခံရသောအားဖြင့်၊

16 ဘုရားသခင်သည် လူ၏နားကိုဖွင့်၍ ဆုံးမပေးတော်မူတတ်၏။

17 ထိုသို့လူသည် မိမိအကြံကိုစွန့်စေခြင်းငှါ၎င်း၊ မာန်မာနနှင့် ကင်းလွတ်စေခြင်းငှါ၎င်း ပြုတော်မူ၏။

18 သူ၏အသက်ကို သင်္ချၖိုင်းတွင်းမှ ကွယ်ကာ၍၊ ထားဘေးဖြင့် မသေစေခြင်းငှါ စောင့်မတော်မူ၏။

19 လူသည် အိပ်ရာပေါ်မှာနာခြင်းဝေဒနာကို ခံရ၍၊ အရိုးရှိသမျှတို့သည် ပြင်းထန်စွာ ကိုက်ခဲသဖြင့်၊

20 မုန့်နှင့်မြိန်သော ခဲဘွယ်စားဘွယ်တို့ကို သူ၏စိတ်ဝိညာဉ်သည် ရွံ့ရှာ၏။