ယောဘဝတ္တု။ 33:28-33 BJB

28 သင်္ချၖိုင်းတွင်းထဲသို့ ငါ့ကိုမဆင်းစေဘဲ ကယ်တင်တော်မူသဖြင့်၊ ငါ့အသက်သည် မှောင်မိုက်နှင့် လွတ်လျက်ရှိ၏ဟု လူတို့တွင် သီချင်းဆိုရလိမ့်မည်။

29 ထိုသို့ဘုရားသခင်သည် လူတို့၌ ရံခါရံခါစီရင်တော်မူသဖြင့်၊

30 သင်္ချၖိုင်းတွင်းမှနှုတ်ယူ၍၊ အသက်ရှင်သောသူတို့၏အလင်းနှင့် လင်းစေတော်မူ၏။

31 အိုယောဘ၊ ငါ့စကားကို သတိနှင့် နားထောင်လော့။ တိတ်ဆိတ်စွာနေလော့။ ငါပြောပါမည်။

32 သို့သော်လည်း ပြောစရာရှိလျှင် ပြန်ပြောလော့။ သင့်ကို အပြစ်လွတ်စေခြင်းငှါ၊ ငါအလိုရှိသောကြောင့် စကားပြောလော့။

33 ပြောစရာမရှိလျှင်၊ တိတ်ဆိတ်စွာနေ၍ ငါ့စကားကို နားထောင်လော့။ ပညာကိုငါသွန်သင်ပါမည်ဟု မြွက်ဆို၏။