ယောဘဝတ္တု။ 36:2-8 BJB

2 ငါ့ကိုသည်းခံပါလော့။ အကျိုးအကြောင်းကို ငါပြဦးမည်။ ဘုရားသခင့်အဘို့ ပြောစရာရှိသေး၏။

3 ငါသည်ဝေးသောအရပ်က ကိုယ်ပညာကိုဆောင်ခဲ့မည်။ ငါ့ကို ဖန်ဆင်းတော်မူသောဘုရားသခင်သည် ဖြောင့်မတ်တော်မူကြောင်းကို ငါပြမည်။

4 အကယ်စင်စစ်မမှန်သောစကားကို ငါမပြော။ ပညာအတတ် စုံလင်သောသူသည် သင်၌ရှိ၏။

5 ဘုရားသခင်သည် တန်ခိုးကြီးတော်မူ၏။ သို့သော်လည်း မထီမဲ့ မြင်ပြုတော်မမူတတ်။ အစွမ်းသတ္တိ၊ ဥာဏ်သတ္တိနှင့် ပြည့်စုံတော်မူ၏။

6 မတရားသောသူတို့၏အသက်ကို စောင့်တော်မမူ။ ဆင်းရဲခံရသောသူတို့ဘက်၌ တရားစီရင်တော်မူ၏။

7 ဖြောင့်မတ်သောသူတို့ကို ပမာဏမပြုဘဲ နေတော်မမူ။ ရှင်ဘုရင်နှင့်အတူ ရာဇပလ္လင်ပေါ်မှာ ထာဝရနေရာချ၍ ချီးမြှောက်တော်မူ၏။

8 သူတို့သည်အကျဉ်းနေ၍ ဒုက္ခကြိုးနှင့် ချည်နှောင်ခြင်းကို ခံရလျှင်၊