ယောဘဝတ္တု။ 36:23-29 BJB

23 ကြွတော်မူရသောလမ်းကို အဘယ်သူစီရင်သနည်း။ ကိုယ်တော်သည် မတရားသောအမှုကို ပြုမိပြီဟု အဘယ်သူဆိုရာသနည်း။

24 လူတို့သည် ချီးမွမ်းအပ်သောအမှုတော်ကို ချီးမြှောက်ခြင်းငှါ သတိပြုလော့။

25 လူခပ်သိမ်းတို့သည် အမှုတော်ကို မြင်ကြ၏။ အဝေးက ကြည့်ရှုတတ်ကြ၏။

26 ဘုရားသခင်သည် ကြီးမြတ်တော်မူ၏။ ငါတို့သည် ဘုရားသခင်ကို မသိနိုင်။ အသက်တော်နှစ်ပေါင်းကို စစ်၍မကုန်နိုင်ကြ။

27 ရေကိုသုန်ဖျင်းစေ၍၊ အထက်သို့ဆွဲယူတော်မူသဖြင့်၊ ရေငွေ့ရှိသည်အတိုင်း မိုဃ်းရွာတတ်၏။

28 မိုဃ်းတိမ်မှ လူတို့အပေါ်သို့ မိုဃ်းပေါက်ကျ၍၊ များစွာသော မိုဃ်းရွာတတ်၏။

29 မိုဃ်းတိမ်တော်နှံ့ပြားခြင်း၊ တဲတော်အသံမြည်ခြင်းကို အဘယ်သူ နားလည်သနည်း။