ယောဘဝတ္တု။ 38:21-27 BJB

21 သင်သည်ရှေးကာလ၌ဘွားမြင်၍ အလွန် အသက်ကြီးသောကြောင့်သိလိမ့်မည်။

22 သင်သည်မိုဃ်းပွင့်ဘဏ္ဍာတိုက်ထဲသို့ ဝင်ဘူးသလော။

23 ဘေးရောက်ရာအချိန်ကာလနှင့် စစ်ပြိုင်၍ တိုက်ရာအချိန်ကာလဘို့၊ ငါသိုထားသော မိုဃ်းသီးဘဏ္ဍာများကို မြင်ဘူးသလော။

24 အလင်းသည် အဘယ်သို့သောလမ်းဖြင့် နှံ့ပြားသနည်း။ အရှေ့လေသည်မြေကြီးပေါ်မှာ အဘယ်ကြောင့်လွင့်သနည်း။

25 လူမရှိသောမြေနှင့် လူမနေသောတော၌ မိုဃ်းရွာစေခြင်းငှါ၎င်း၊

26 လွတ်လပ်သောလွင်ပြင်ကို ရေနှင့် ဝစေ၍၊ နုသောမြက်ပင်အညှာက်ကို ထွက်စေခြင်းငှါ၎င်း၊

27 လျှံသောမိုဃ်းရေစီးရာလမ်း၊ မိုဃ်းကြိုးနှင့် ဆိုင်သော လျှပ်စစ်ပြက်ရာလမ်းကို အဘယ်သူဖွင့်သနည်း။