ယောဘဝတ္တု။ 38:26-32 BJB

26 လွတ်လပ်သောလွင်ပြင်ကို ရေနှင့် ဝစေ၍၊ နုသောမြက်ပင်အညှာက်ကို ထွက်စေခြင်းငှါ၎င်း၊

27 လျှံသောမိုဃ်းရေစီးရာလမ်း၊ မိုဃ်းကြိုးနှင့် ဆိုင်သော လျှပ်စစ်ပြက်ရာလမ်းကို အဘယ်သူဖွင့်သနည်း။

28 မိုဃ်းရေ၏အဘကား အဘယ်သူနည်း။ နှင်းပေါက်တို့ကို အဘယ်သူဖြစ်ဘွားစေသနည်း။

29 ရေခဲသည်အဘယ်သူ၏ ဝမ်းထဲကထွက်လာသနည်း။ မိုဃ်းကောင်းကင်နှင်းခဲကို အဘယ်သူသည် ပဋိသန္ဓေပေးသနည်း။

30 ရေသည်ကျောက်ခဲကဲ့သို့ဖြစ်၍ ပင်လယ်မျက်နှာတင်းမာလျက်ရှိ၏။

31 သင်သည် ခိမကြယ်စု၏သာယာစွာပြုပြင်ခြင်းကို ချုပ်တည်းနိုင်သလော။ ကသိလကြယ်၏ ချည်နှောင်ခြင်းကို ဖြည်နိုင်သလော။

32 မာဇရုတ်ကြယ်တို့ကို အချိန်ရောက်လျှင် ထုတ်ဘော်နိုင်သလော။ အာရှကြယ်နှင့် သူ၏သားတို့ကို ပဲ့ပြင်နိုင်သလော။