ယောဘဝတ္တု။ 38:6-12 BJB

6 မြေကြီးတိုက်မြစ်ကို အဘယ်အရပ်၌ စွဲစေသနည်း။

7 နံနက်ကြယ်တို့သည် တညီတညွတ်တည်း သီချင်းဆို၍၊ ဘုရားသခင်သားအပေါင်းတို့သည် ဝမ်းမြောက်သဖြင့်၊ ကြွေးကြော်ကြစဉ်၊ တိုက်ထောင့်အထွဋ်ကျောက်ကို အဘယ်သူတင်ထားသနည်း။

8 သမုဒ္ဒရာသည်အမိဝမ်းထဲက ဘွား၍ထွက်လာသောအခါ၊ အဘယ်သူသည် တံခါးပိတ်နှင့် ပိတ်ထားသနည်း။

9 သမုဒ္ဒရာကို မိုဃ်းတိမ်နှင့် ငါခြုံ၍ ထူထပ်သောမှောင်မိုက်နှင့် ထုပ်ရစ်သည်ကာလ၌၎င်း၊

10 သင်သည် ဤအရပ်တိုင်အောင်လာရ၏။

11 တိုး၍မလွန်ရ၊ ဤအရပ်၌သင်၏ ထောင်လွှားသော လှိုင်းတံပိုးဆုံးရ၏ဟု ပညတ်လျက်၊ သမုဒ္ဒရာအပိုင်းအခြားကို ငါစီရင်၍၊ တံခါးပိတ်နှင့် ကန့်လန့်ကျင်တို့ကို ထားသည်ကာလ၌၎င်း၊ အဘယ်သူသည် ဝိုင်း၍ကူညီသနည်း။

12 သင်သည်တသက်လုံးတွင် တခါမျှ နံနက်ကို မှာထားဘူးသလော။ မိုဃ်းသောက်လင်းကို နေရာချဘူးသလော။