ယောဘဝတ္တု။ 39:3-9 BJB

3 သူတို့သည် ကျောကိုင်း၍သားငယ်ကို မွေးဘွားသဖြင့် ဝေဒနာငြိမ်းကြ၏။

4 သားငယ်တို့သည် ကျန်းမာ၍၊ လွင်ပြင်၌ ကြီးပွါးတတ်ကြ၏။ အခြားသို့သွား၍ အမိထံသို့ပြန်မလာဘဲ နေတတ်ကြ၏။

5 တောမြည်းကို အဆီးအတားမရှိစေခြင်းငှါ အဘယ်သူလွှတ်သနည်း။ တောမြင်း၌ချည်နှောင်ခြင်းကို အဘယ်သူဖြေသနည်း။

6 တောကို သူ့အိမ်ဘို့၎င်း၊ လွင်ပြင်ကိုသူ့နေရာဘို့၎င်း ငါခန့်ထားပြီ။

7 မြို့၌ဖြစ်သောလူတို့၏အသံဗလံကို သူသည် မထီမဲ့မြင်ပြုတတ်၏။ နှင်သောသူအော်ဟစ်နှိုးဆော်သံကို မမှတ်တတ်။

8 တောင်ရိုး၌ ကျက်စား၍၊ စိမ်းသောအပင်အမျိုးမျိုးကို ရှာတတ်၏။

9 ကြံ့သည် သင်၏အမှုကိုဆောင်ရွက်၍၊ သင်၏တင်းကုပ်၌ နေခြင်းငှါ အလိုရှိလိမ့်မည်လော။