10 ထူးဆန်းသော ဘုန်းတန်ခိုးအာနုဘော်ကို ဝတ်ဆောင်လော့။ တင့်တယ်သောဂုဏ်အသရေနှင့် တန်ဆာဆင်လော့။
11 သင်၏အမျက်အရှိန်ကိုလွှတ်လော့။ မာန ထောင်လွှားသောသူအပေါင်းတို့ကို ကြည့်ရှု၍ နှိမ့်ချလော့။
12 မာနထောင်လွှားသောသူအပေါင်းတို့ကို ကြည့်ရှု၍ ရှုတ်ချလော့။ အဓမ္မလူတို့ကိုနှိပ်နင်း၍၊
13 သူတို့ကိုမြေမှုန့်၌ တစုတည်း ဝှက်ထားလော့။ သူတို့မျက်နှာများကို မှောင်မိုက်၌ ဖုံးအုပ်လော့။
14 သို့ပြုလျှင် သင်၏လက်ျာလက်ရုံးသည် သင့်ကိုကယ်တင်နိုင်သည်ဟု ငါဝန်ခံမည်။
15 သင်နှင့်အတူ ငါဖန်ဆင်းသော ဗေဟမုတ်ခြင်းကို ကြည့်ရှုလော့။ နွားကဲ့သို့ မြက်ကို စားတတ်၏။
16 သူ၏တန်ခိုးသည် ခါး၌၎င်း၊ သူ၏ခွန်အားသည် ဝမ်းကြော၌၎င်း တည်လျက်ရှိ၏။