ယောဘဝတ္တု။ 40:5-11 BJB

5 တကြိမ်ပြောမိပါပြီ။ တဖန်မပြောဝံ့ပါ။ နှစ်ကြိမ်တိုင်အောင် ပြောမိပါပြီ။ သို့ရာတွင် ထပ်၍မပြောဝံ့ပါဟု ထာဝရဘုရားအား ပြန်၍လျှောက်လေ၏။

6 တဖန်ထာဝရဘုရားသည် မိုဃ်းသက်မုန်တိုင်းထဲက ယောဘအား မိန့်တော်မူသည်ကား၊

7 လူယောက်ျားကဲ့သို့ သင်၏ခါးကိုစည်းလော့။ ငါမေးမြန်း သောပြဿနာတို့ကို ဖြေလော့။

8 သင်သည် ငါတရားစီရင်ချက်ကို ပယ်မည်လော။ သင်သည် ကိုယ်တိုင်ဖြောင့်မတ်ဟန်ရှိစေခြင်းငှါ၊ ငါ့ကိုအပြစ်ရှိသည်ဟု စီရင်မည်လော။

9 သင်သည် ဘုရားသခင်၏လက်ရုံးကဲ့သို့သော လက်ရုံးရှိသလော။ ဘုရားသခင်၏အသံကဲ့သို့သော အသံနှင့် မိုဃ်းချုန်းနိုင်သလော။

10 ထူးဆန်းသော ဘုန်းတန်ခိုးအာနုဘော်ကို ဝတ်ဆောင်လော့။ တင့်တယ်သောဂုဏ်အသရေနှင့် တန်ဆာဆင်လော့။

11 သင်၏အမျက်အရှိန်ကိုလွှတ်လော့။ မာန ထောင်လွှားသောသူအပေါင်းတို့ကို ကြည့်ရှု၍ နှိမ့်ချလော့။