ယောဘဝတ္တု။ 7:1-6 BJB

1 လူတို့သည် မြေကြီးပေါ်မှာ ပင်ပန်းစွာအမှုထမ်းရသည် မဟုတ်လော။ သူနေရသော နေ့ရက်တို့သည် အငှါးခံသောသူ၏ နေ့ရက်ကဲ့သို့ ဖြစ်သည်မဟုတ်လော။

2 ကျွန်ခံရသောသူသည် မိုဃ်းချုပ်သောအချိန်ကို တောင့်တ၍၊ အငှါးခံသောသူသည် အခရမည့်အချိန်ကို မြော်လင့်သကဲ့သို့၊

3 ထိုနည်းတူငါသည် ဒုက္ခနေ့လတို့နှင့်ဆိုင်ရ၏။ ပင်ပန်းစွာခံရသော ညဉ့်တို့သည်လည်း ငါ၏အငန်းအတာ ဖြစ်၏။

4 အဘယ်အခါမှ ညဉ့်ကုန်၍ ငါထရပါမည်နည်းဟု ငါသည် ညည်းတွားလျက် အိပ်ရ၏။ မိုဃ်းလင်းသည်တိုင်အောင် လှိမ့်လျက် လူးလျက်နေရ၏။

5 လောက်နှင့်ရွှံ့တို့သည် အဝတ်ကဲ့သို့ ငါ့ကိုယ်ကို ဖုံးလွှမ်းကြ၏။ ငါ့အရေသည်ကွဲ၍ ယိလျက်ရှိ၏။

6 ငါ့နေ့ရက်တို့သည် ရက်ကန်းလွန်းထက်မြန်၍ မြော်လင့်ခြင်းမရှိဘဲ လွန်သွားတတ်ကြ၏။