ယောဘဝတ္တု။ 8:15-21 BJB

15 ထိုသူသည် မိမိအိမ်ကိုမှီ၍ အိမ်သည်အမှီမခံ။ လက်နှင့်ကိုင်သော်လည်း မတည်စေနိုင်။

16 သူသည် နေပူမှာစိမ်းလန်းလျက်၊ အခက်အလက်အားဖြင့် မိမိဥယျာဉ်ကို နှံ့ပြားလျက်၊

17 အမြစ်အားဖြင့် စမ်းရေတွင်းကိုဝိုင်း၍ ကျောက်ထူသောအရပ်ကို တွေ့မြင်လျက်ရှိသော်လည်း၊

18 သူ့ကိုသုတ်သင်ပယ်ရှင်း၍၊ မိမိနေရာအရပ်က သင်သည်ငါမတွေ့မမြင်စဖူးဟူ၍ သူ့ကိုငြင်းပယ်လိမ့်မည်။

19 ထိုသူဝမ်းမြောက်ရာလမ်းသည် ထိုသို့ဖြစ်၍၊ သူနေရာမြေ၌ အခြားသူတို့သည် ပေါက်ကြလိမ့်မည်။

20 စုံလင်သောသူကိုကား၊ ဘုရားသခင် စွန့်ပစ်တော်မမူ။ မတရားသဖြင့်ပြုသော သူတို့ကိုကား မစတော်မမူ။

21 ရယ်မောရသောအခွင့်၊ ရွှင်လန်းစွာ နှုတ်မြွက်ရသောအခွင့်ကို သင်၌ပေးကောင်းပေးတော်မူမည်။