ရှောလမုန်သီချင်း။ 1:7-13 BJB

7 ကျွန်မနှစ်သက်နှစ်လိုရာအရှင်၊ ကိုယ်တော်သည် သိုးများကိုအဘယ်မှာ ထိန်းတော်မူသည်ကို၎င်း၊ မွန်းတည့်ချိန်၌ အဘယ်မှာအရပ်ခိုစေတော်မူသည်ကို၎င်း ပြတော်မူပါ။ ကျွန်မသည် အခြားတပါးသော သိုးထိန်းနောက်သို့ အဘယ်ကြောင့် လမ်းလွဲ၍လိုက်ရပါအံ့နည်း။

8 မိန်းမတကာတို့ထက် အဆင်းလှသောအစ်မ၊ သင်သည်မသိလျှင်၊ သိုးများခြေရာသို့လိုက်သွား၍၊ သိုးထိန်းတဲများအနားမှာ သင်၏သိုးသငယ်တို့ကို ကျွေးမွေးပါလော့။

9 ငါချစ်သောနှမ၊ သင့်ကိုဖာရောမင်းရထား၌ ကသောမြင်းနှင့် ငါပုံပြမည်။

10 သင်၏ပါးသွယ်၌ မုတ်ပုတီးတန်ဆာဆင်လျက်၊ လည်ပင်း၌ ပုလဲအသွယ်သွယ်ဆွဲလျက်၊ သင်သည် တင့်တယ်လှ၏။

11 ငွေနှင့်အပြောက်ချယ်သော ရွှေပုတီးအသွယ်သွယ်ကိုလည်း လုပ်၍ ပေးဦးမည်။

12 အရှင်မင်ကြီးသည် စားပွဲတော်နားမှာ ထိုင်နေစဉ်၊ ငါထုံသော နာဒုဆီမွှေးအနံ့သည် တပျံ့ပျံ့တလှိုင်လှိုင် ဖြစ်လေ၏။

13 ငါချစ်ရာသခင်သည် ငါ၌မုရန်နံ့သာပုံဖြစ်၍၊ ငါ့ရင်အုံကြားမှာ တညဉ့်လုံးအိပ်ရမည်။