ရှောလမုန်သီချင်း။ 4:2-8 BJB

2 သင်၏သွားတို့သည်လည်း အမွေးညှပ်၍၊ ရေချိုးရာမှ တက်လာသော သိုးစုကဲ့သို့ဖြစ်ကြ၏။ တကောင်မျှမလျော့။ အမွှာသာ ဘွားတတ်ကြ၏။

3 နှုတ်ခမ်းသည်လည်း နီတွေးသောကြိုးနှင့်တူ၏။ စကားသံလည်း သာယာပေ၏။ နားပန်းဆံကြားမှာ ပါးတို့ သည် သလဲသီးရှက်နှင့်တူကြ၏။

4 လည်ပင်းသည်လည်း၊ သူရဲတို့သာသုံးဆောင်တတ်သော ဒိုင်လွှားတထောင်ဆွဲထားသော လက်နက်စုံ ဘဏ္ဍာတိုက်တည်းဟူသော ဒါဝိဒ်မင်း၏ ရဲတိုက်နှင့် တူ၏။

5 ရင်သားနှစ်ဘက်တို့သည် နှင်းတော၌ ကျက်စားသော ဒရယ်သငယ်အမွှာနှင့် တူကြ၏။

6 မိုဃ်းမသောက်၊ မှောင်မိုက်အရိပ်မပြေးမှီ၊ ငါသည်မုရန် တောင်နှင့် လောဗန်ကုန်းသို့သွားမည်။

7 ငါချစ်သောနှမ၊ သင်သည်အပြစ်တစုံတခုမျှမရှိ။ တကိုယ်လုံးလှပေ၏။

8 ငါနှင့်အတူ လေဗနုန်တောင်က လာပါအပယ်။ ငါနှင့်အတူ လေဗနုန်တောင်က လာပါ။ အာမနတောင်ထိပ်၊ ရှနိရတောင်၊ ဟေရမုန်တောင်ထိပ်၊ ခြင်္သေ့တွင်းများ၊ ကျားသစ်နေရာ တောင်များအပေါ်က ကြည့်ရှုပါ။