1 ငါနှမ၊ ငါ့ခင်ပွန်း၊ ငါ့ဥယျာဉ်ထဲသို့ ငါဝင်လာပြီ။ ငါ့မုရန်နှင့် နံ့သာမျိုးကို ခံယူပြီ။ ငါ့ပျားရည်နှင့် ပျားလပို့ကို စားရပြီ။ ငါ့နို့နှင့် စပျစ်ရည်ကိုသောက်ရပြီ။ ငါ့အဆွေတို့၊ စားကြလော့။ ငါ့မိတ်ဆွေတို့၊ သောက်ကြ။ ဝစွာ သောက်ကြလော့။
2 ငါသည် အိပ်ပျော်စဉ်၊ နှလုံးနိုးလျက်ရှိ၏။ ငါချစ်ရာ သခင်၏စကားသံပေ။ ငါ့နှမ၊ ငါချစ်သောအမိ၊ ငါ့ချိုး၊ ငါ၏စုံလင်သူ၊ ငါအားဖွင့်ပါ။ ငါ့ခေါင်းသည် နှင်းနှင့်၎င်း၊ ငါ့ဆံပင်သည် ညဉ့်၌ကျတတ်သော နှင်းစက်များနှင့်၎င်း စိုပြီဟုဆိုလျက်၊ ခေါက်၍နေတော်မူ၏။
3 ကျွန်မသည် အဝတ်ကိုချွတ်ပါပြီ။ အဘယ်ကြောင့် ဝတ်ပြန်ရမည်နည်း။ ခြေကိုလည်းဆေးပါပြီ။ တဖန်ညစ်အောင် အဘယ်ကြောင့် ပြုရပါမည်နည်း။
4 ငါချစ်ရာသခင်သည် လက်တော်ကိုတံခါးပေါက်အထဲသို့ သွင်းတော်မူသည်ဖြစ်၍၊ သူ့ကိုချစ်သနားသော စိတ်အားကြီးသဖြင့်၊
5 ငါချစ်ရာသခင်အား တံခါးကိုဖွင့်အံ့သောငှါ ထသောအခါ၊ ငါ့လက်မှမုရန်ဆီ၊ ငါ့လက်ချောင်းတို့မှ ပကတိမုရန်ဆီသည် တံခါးကျင်တိုက်ပေါ်မှာ စက်စက်ကျလေ၏။
6 ငါချစ်ရာသခင်အားငါဖွင့်သည်ရှိသော်၊ ငါချစ်ရာ သခင်သည်ထွက်သွားနှင့်ပြီ။ စကားသံတော်ကို စေ့စေ့ နားထောင်လျက်၊ သခင်ကိုငါရှာသော်လည်း မတွေ့။ ခေါ်သော်လည်း ထူးတော်မမူ။