6 ငါချစ်ရာသခင်အားငါဖွင့်သည်ရှိသော်၊ ငါချစ်ရာ သခင်သည်ထွက်သွားနှင့်ပြီ။ စကားသံတော်ကို စေ့စေ့ နားထောင်လျက်၊ သခင်ကိုငါရှာသော်လည်း မတွေ့။ ခေါ်သော်လည်း ထူးတော်မမူ။
7 မြို့တွင်လည်သော ကင်းစောင့်တို့သည် ငါ့ကို တွေ့သော်၊ နာကျင်စွာရိုက်ကြ၏။ မြို့ရိုးစောင့်တို့သည် ငါ့မျက်နှာဖုံးကို လုယူကြ၏။
8 အိုယေရုရှလင်မြို့သမီးတို့၊ သင်တို့သည် ငါချစ်ရာ သခင်ကိုတွေ့လျှင်၊ သူ့ကိုငါချစ်၍ နာနေကြောင်းကို ကြားပြောကြပါဟု၊ ငါမှာထားတောင်းပန်ပါ၏။
9 မိန်မတကာတို့ထက် အဆင်းလှသောအစ်မ၊ သင်ချစ်ရာသခင်သည် အခြားတပါးသော ချစ်ရာသခင်ထက် အဘယ်သို့သာသနည်း။ အကျွန်ုပ်တို့ကို ထိုသို့မှာထားတောင်းပန်ရမည်အကြောင်း၊ သင်ချစ်ရာ သခင်သည် အခြားတပါးသော ချစ်ရာ သခင်ထက် အဘယ်သို့ သာယာနည်။
10 ငါချစ်ရာသခင်သည် ဖြူသောအအဆင်း၊ နီသောအဆင်းနှင့် ပြည့်စုံ၍၊ လူတသောင်းတို့တွင် အထွဋ်အမြတ်ဖြစ်တော်မူ၏။
11 ဦးခေါင်းတော်သည် ရွှေစင်နှင့်တူ၏။ ဆံပင်တော်သည် ထူထပ်၍၊ ကျီးအဆင်းကဲ့သို့ နက်၏။
12 မျက်စိတော်တို့သည် နို့၌ချိုးလျက် မြစ်ရေပေါ်မှာ ပုံ့ပုံ့ကြွကြွဝပ်ေသာ ချိုးနှင့်တူကြ၏။