ဧ​ဇ​ရ 2:60-66 BJB

60 ဒေလာယအမျိုးသား၊ တောဘိအမျိုးသား၊ နေကောဒအမျိုးသားပေါင်း ခြောက်ရာငါးဆယ်နှစ်ယောက်တည်း။

61 ယဇ်ပုရောဟိတ်အမျိုးထဲက ဟဗာယအမျိုးသား၊ ကောဇအမျိုးသား၊ ဂိလဒ်ပြည်သားဗာဇိလဲသမီးတယောက်နှင့် စုံဘက်၍၊ ယောက္ခမအမည်ကိုရသော ဗာဇိလဲအမျိုးသားတို့သည်၊

62 စာရင်းဝင်သောလူစုတွင် မိမိတို့စာရင်းကို ရှာ၍မတွေ့သောကြောင့်၊ အမျိုးမစစ်၊ ယဇ်ပုရောဟိတ်အရာကိုမခံရကြ။

63 ဥရိမ်နှင့် သုမိမ်ပါသော ယဇ်ပုရောဟိတ်မပေါ်မှီတိုင်အောင် သူတို့သည်အလွန်သန့်ရှင်းသောအရာတို့ကို မစားရဟု ပြည်အုပ်မင်းစီရင်၏။

64 ပရိသတ်ပေါင်းကား လေးသောင်းနှစ်ထောင် သုံးရာခြောက်ဆယ်တည်း။

65 ထိုမှတပါး၊ ကျွန်ယောက်ျား၊ ကျွန်မိန်းမပေါင်း ခုနစ်ထောင်သုံးရာသုံးဆယ်ခုနစ်ယောက်၊ သီးချင်းသည် ယောက်ျား မိန်းမပေါင်းနှစ်ရာ၊

66 မြင်းပေါင်း ခုနစ်ရာသုံးဆယ်ခြောက်စီး၊ လားပေါင်း နှစ်ရာလေးဆယ်ငါးစီး၊