ဧ​ဇ​ရ 5:1-6 BJB

1 ထိုအခါ ပရောဖက်ဟဂ္ဂဲနှင့် ဣဒေါသားပရောဖက် ဇာခရိလူတို့ သည် ယုဒပြည်သူ၊ ယေရုရှလင်မြို့သား၊ ယုဒလူတို့အား ထာဝရဘုရားအခွင့်နှင့် ဟောကြ၏။

2 ထိုဘုရားသခင်၏ ပရောဖက်တို့သည် ဝိုင်း သဖြင့်၊ ရှာလသေလသား ဇေရုဗဗေလနှင့် ယောဗဒက်သား ယောရှုသည်ထ၍ ယေရုရှလင်မြို့၏ ဗိမာန်တော်ကို တည်စပြုပြန်ကြ၏

3 ထိုအခါ မြစ်အနောက်ဘက် မြို့ဝန်တာတန်နှင့် ရှေသာဗောဇနဲမှစ၍ သူတို့အပေါင်းအဘော်တို့သည်လာ၍၊ ဤအိမ်ကိုတည်ဆောက်ရမည်၊ ဤမြို့ရိုးကို ပြုပြင်ရမည်အကြောင်း အဘယ်သူမှာထားသနည်းဟူ၍၎င်း၊

4 ဤအိမ်ကိုတည်ဆောက်သော သူတို့၏အမည်ကား အဘယ်သို့ နည်းဟူ၍၎င်း၊ မေးစစ်ကြသော်လည်း၊

5 ဒါရိမင်း အမိန့်တော်မရောက်မှီတိုင် အလုပ်အကိုင် မပြတ်စေခြင်းငှါ၊ ဘုရားသခင်သည် ယုဒအမျိုးသား အသက်ကြီးသူတို့ကို ထောက်ရှုတော်မူ၏။ သို့ဖြစ်၍ အထံတော်သို့လျှောက်စာကိုပေးလိုက်ကြ၏။

6 မြစ်အနောက်ဘက် မြို့ဝန်တာတနဲနှင့် ရှေသာဗောဇနဲမှစ၍ သူတို့အပေါင်းအဘော်၊