ဧ​ဇ​ရ 6:2-8 BJB

2 မေဒိပြည်၊ အာခမေသမြို့၊ နန်းတော်၌စာလိပ်ကို တွေ့၍၊ စာလိပ်၌ပါသော စကားဟူမူကား၊

3 ယဇ်ပူဇော်ရာ အိမ်တော်ကိုတည်စေ။ တိုက်မြစ်ကို ခိုင်ခံ့စွာချထားစေ။ အမြင့်အတောင်ခြောက်ဆယ်၊ အနံအတောင်ခြောက်ဆယ်ရှိ၍၊

4 ကြီးသောကျောက်တန်းသုံးဆင့်၊ အသစ်သောသစ်သားတန်းတဆင့်နှင့် အထပ်ထပ်တည်စေ။ စရိတ်များကိုလည်း ဘဏ္ဍာတော်ထဲက ထုတ်၍ပေးစေ။

5 ယေရုရှလင်မြို့၏ ဗိမာန်တော်ထဲကနေဗုခဒ် နေဇာထုတ်၍ ဘုရားသခင်၏အိမ်တော်နှင့် ဆိုင်သော် လည်း၊ ဗာဗုလုန်မြို့သို့ဆောင်ခဲ့သော ရွှေတန်ဆာ ငွေတန်ဆာတို့ကို ပြန်ပေးစေ။ ယေရုရှလင်မြို့၏ ဗိမာန်တော်သို့ ပို့၍ အလုံးစုံတို့ကို ဘုရားအိမ်တော်ထဲတွင် မိမိတို့နေရာ၌ ထားစေဟု ကုရုမင်းကြီးသည် နန်းစံ ပဌမနှစ်တွင်၊ ယေရုရှလင်မြို့၏ ဘုရားအိမ်တော်အမှုမှာ အမိန့်တော်ရှိ၏။

6 သို့ဖြစ်၍၊ မြစ်အနောက်ဘက် မြို့ဝန်တာတနဲ၊ ရှေသာဗောဇနဲနှင့် သင်တို့အပေါင်းအဘော်တည်း ဟူသော မြစ်အနောက်ဘက်၌နေသော အဖာသသက်လူတို့၊ ထွက်သွားကြ။

7 ထိုဘုရား၏အိမ်တော်တည်ခြင်းအမှုကို မဆီးမတားကြနှင့်။ ယုဒမြို့ဝန်နှင့် ယုဒအမျိုးအသက်ကြီး သူတို့ သည် ထိုအိမ်တော်ကို မိမိနေရာ၌ တည်ပါလေစေ၊

8 ထိုမှတပါး၊ သင်တို့သည် ထိုဘုရား၏ အိမ်တော်တည်ခြင်းအမှုကို ယုဒအမျိုးအသက်ကြီးသူတို့နှင့် ကူညီရမည်အကြောင်း၊ သူတို့သည် အဆီးအတားမရှိစေခြင်းငှါ၊ မြစ်အနောက်ဘက်၌ ခံသောအခွန်တော်တည်း ဟူသော ဘဏ္ဍာတော်ထဲက အိမ်တော်တည်စရာစရိတ်ကို ချက် ခြင်းထုတ်ပေးရမည်အကြောင်း ငါအမိန့်တော်ရှိ၏။