ဧ​ဇ​ရ 7:25-28 BJB

25 သင်ဧဇရသည်လည်း၊ သင်၏ဘုရားသခင် တရားကို နားလည်သော၊ မြစ်အနောက်ဘက်သားအပေါင်းတို့တွင်၊ တရားမှုကို စီရင်စေခြင်းငှါ၎င်း၊ မသိသောသူတို့ကို သွန်သင်ခြင်းငှာ၎င်း၊ မင်းများ၊ တရားသူကြီးများကို သင်၏ဘုရားသခင့် ဥာဏ်နှင့် သင်ပြည့်စုံသည်အတိုင်း ခန့်ထားလော့။

26 သင်၏ဘုရားသခင့်တရားနှင့် ရှင်ဘုရင်အမိန့်တော်ကို ငြင်းဆန်သောသူ မည်သည်ကား၊ အသေသတ် ခြင်း၊ နှင်ထုတ်ခြင်း၊ ဥစ္စာသိမ်းယူခြင်း၊ ထောင်ထဲမှာလှောင်ထားခြင်းတည်းဟူသော ရာဇဝတ်တစုံတခုကို အလျင် အမြန်ခံစေဟု အမိန့်တော်စာ၌ပါသတည်း။

27 ယေရုရှလင်မြို့၏ ဗိမာန်တော်ကို တင့်တယ်စေမည်အကြံကို ရှင်ဘုရင်စိတ်နှလုံးထဲသို့ သွင်းပေးတော်မူထသော၊ ရှင်ဘုရင်ရှေ့၊ အတွင်းဝန်များ၊ ဗိုလ်မင်များရှေ့မှာ ငါ့အားအခွင့်ပေးတော်မူသော ဘိုးဘေးတို့၏ ဘုရားသခင်ထာဝရဘုရားသည် မင်္ဂလာရှိ တော်မူစေသတည်း။

28 ထိုသို့ ငါ၏ဘုရားသခင် ထားဝရဘုရား ဘုန်းတော်ကြောင့်၊ ငါသည် ခွန်အားရှိ၍ ငါနှင့်အတူ လိုက် သွားရသော ဣသရေလအမျိုး အကြီးအကဲတို့ကို စုဝေး စေ၏။