ဧ​ဇ​ရ 8:11-17 BJB

11 ဗေဗဲအမျိုး၊ ဗေဗဲသားဇာခရိနှင့် ယောက်ျား ပေါင်းနှစ်ကျိပ်ရှစ်ယောက်၊

12 အာဇဂဒ်အမျိုး၊ ဟက္ကတန်သား ယောဟနန်နှင့် ယောက်ျားပေါင်းတရာတကျိပ်၊

13 အဒေါနိကံအမျိုးသားတို့တွင်၊ နောက်ကျသော သူ၊ ဧလိဖလက်၊ ယေယေလ၊ ရှေမာယနှင့် ယောက်ျား ပေါင်းခြောက်ကျိပ်၊

14 ဗိဂဝဲအမျိုးသားဥသဲ၊ ဇဗ္ဗုဒ်နှင့် ယောက်ျားပေါင်းခုနစ်ကျိပ်တည်း။

15 ထိုလူများတို့ကို အဟာဝမြို့သို့စီးသော မြစ်နားမှာ ငါစုဝေးစေ၍၊ သုံးရက်ပတ်လုံးတဲ၌ နေကြ၏။ လူများ နှင့် ယဇ်ပုရောဟိတ်များတို့ကို ငါစစ်ဆေး၍၊ လေဝိသားတယောက်ကိုမျှ မတွေ့သောအခါ၊

16 လူကြီးဧလျေဇာ၊ အရေလ၊ ရှေမာယ၊ နာသန်၊ ဇာခရိ၊ မေရှုလံ၊ ပညာရှိယာရိပ်၊ ဧလနာသန်တို့ကို ခေါ်၍၊

17 ကသိဖိမြို့သူကြီး ဣဒေါထံသို့ မှာစာနှင့် စေလွှတ်လျက်၊ ဣဒေါနှင့် ကသိဖိမြို့မှာ နေသောသူ၏ ညီအစ်ကိုဘုရားကျွန်တို့သည်၊ ငါတို့ဘုရားသခင့် အိမ်တော်အမှုစောင့်များကို ပေးစေခြင်းငှါ၊ သူတို့အား အဘယ်သို့ ပြောဆိုရမည်ကို ငါမှာလိုက်၏။