၁ ရာ​ချုပ် 10:5-11 BJB

5 ရှောလုသေသည်ကို လက်နက်ဆောင်လုလင်မြင်လျှင်၊ သူသည်လည်း ထိုထားကို ထောင်၍ထားဖျားပေါ်မှာ လှဲ၍သေ၏။

6 ထိုသို့ရှောလုနှင့် သူ၏သားသုံးယောက်မှစ၍ နန်းတော်သားအပေါင်းတို့သည် အတူသေကြ၏။

7 ဣသရေလလူပြေးကြောင်း၊ ရှောလုနှင့် သူ၏သားများသေကြောင်းကို၊ ချိုင့်၌နေသော ဣသရေလလူအပေါင်းတို့သည် သိမြင်လျှင်၊ မြို့ရွာတို့ကို စွန့်ပစ် သဖြင့်၊ ဖိလိတ္တိလူတို့သည်လာ၍ နေကြ၏။

8 နက်ဖြန်နေ့၌ ဖိလိတ္တိလူတို့သည် အသေကောင်တို့၌၊ အဝတ်တန်ဆာကို ချွတ်ခြင်းငှါ လာသောအခါ၊ ဂိလဗောတောင်ပေါ်မှာ ရှောလုနှင့် သူ၏သားသုံး ယောက်တို့သည် သေလျက်ရှိသည်ကို တွေ့မြင်ကြ၏။

9 အဝတ်တန်ဆာတော်ကိုချွတ်ပြီးမှ ခေါင်းတော်၊ လက်နက်တော်ကိုယူ၍ သူတို့ရုပ်တုအိမ်များ၌၎င်း၊ လူများတို့၌၎င်း၊ သိတင်းကျော်စောစေခြင်းငှါ၊ ဖိလိတ္တိ ပြည်အရပ်ရပ်သို့ ပေးလိုက်ကြ၏။

10 လက်နက်တော်ကိုလည်း သူတို့ဘုရားကျောင်း၌ထား၍၊ ခေါင်းတော်ကို ဒါဂုန်ဗိမာန်၌ ဆွဲထားကြ၏။

11 ဖိလိတ္တိလူတို့သည် ရှောလု၌ပြုသမျှကို ဂိလဒ်ပြည် ယာဗက်မြို့သားများကြားလျှင်၊