၁ ရာ​ချုပ် 10:9-14 BJB

9 အဝတ်တန်ဆာတော်ကိုချွတ်ပြီးမှ ခေါင်းတော်၊ လက်နက်တော်ကိုယူ၍ သူတို့ရုပ်တုအိမ်များ၌၎င်း၊ လူများတို့၌၎င်း၊ သိတင်းကျော်စောစေခြင်းငှါ၊ ဖိလိတ္တိ ပြည်အရပ်ရပ်သို့ ပေးလိုက်ကြ၏။

10 လက်နက်တော်ကိုလည်း သူတို့ဘုရားကျောင်း၌ထား၍၊ ခေါင်းတော်ကို ဒါဂုန်ဗိမာန်၌ ဆွဲထားကြ၏။

11 ဖိလိတ္တိလူတို့သည် ရှောလု၌ပြုသမျှကို ဂိလဒ်ပြည် ယာဗက်မြို့သားများကြားလျှင်၊

12 သူရဲအပေါင်းတို့သည် ရှောလု၏အလောင်းနှင့် သူ၏သားအလောင်းတို့ကို ယူသွား၍၊ ယာဗက်မြို့သို့ ဆောင်ခဲ့သဖြင့်၊ အရိုးတို့ကို ယာဗက်မြို့မှာသပိတ်ပင် အောက်၌ သင်္ဂြိုဟ်ပြီးမှ ခုနစ်ရက်ပတ်လုံး အစာရှောင်ကြ၏။

13 ထိုသို့ရှောလုသည် ထာဝရဘုရား၏စကားတော်ကို နားမထောင်၊ လွန်ကျူး၍ ထာဝရဘုရားကို ပြစ်မှားသောကြောင့်၎င်း၊

14 ထာဝရဘုရားကို မမေးမြန်းဘဲနတ်ဝင်မိန်းမကို ရှာဖွေမေးမြန်းသောကြောင့်၎င်း၊ ထာဝရဘုရားသည် သူ့ကိုကွပ်မျက်၍၊ နိုင်ငံတော်ကို ယေရှဲသားဒါဝိဒ်၌ လွှဲအပ်တော်မူ၏။