၁ ရာ​ချုပ် 11:23-29 BJB

23 အရပ်ငါးတောင်မြင့်သော အဲဂုတ္တုလူကိုလည်း သတ်၏။ အဲဂုတ္တုလူသည် ရက်ကန်းလက်လိပ်နှင့်အမျှ ကြီးသော လှံကိုကိုင်သော်လည်း၊ ဗေနာယသည် တောင် ဝေးကိုသာကိုင်လျက်သွား၍၊ အဲဂုတ္တုလူလက်မှလှံကိုလုယူပြီးလျှင် ထိုလှံနှင့်သူ့ကို သတ်၏။

24 ထိုသို့သော အမှုတို့ကို ယောယဒသားဗေနာယသည် ပြု၍ သူရဲသုံးယောက်အဝင်နေရာကိုရ၏။

25 ဗိုလ်များထက်သာ၍မြတ်သော်လည်း ပဌမသူရဲသုံးယောက်တို့ကိုမမှီ။ ဒါဝိဒ်သည် အတွင်းဝန်ချုပ်အရာကိုလည်း ပေး၏။

26 ယွာဘညီ အာသဟေလသည်လည်း ဗိုလ်စုအဝင်ဖြစ်၏။ ထိုအတူ၊ ဗက်လင်မြို့နေ၊ ဒေါဒေါ၏သားဧလဟာနန်၊

27 ဟေရောဒိအမျိုးရှမ္မ၊ ဖာလတိအမျိုးဟေလက်၊

28 တေကောအမျိုး ဣကေရှ၏သားဣရ၊ အနေသောသိအမျိုး အဗျေဇာ၊

29 ဟုရှသိအမျိုးသိဗေကဲ၊ အဟောဟိအမျိုးဣလဲ၊