9 ဧဇာတပါး၊ ဩဗဒိတပါး၊ ဧလျာဘတပါး၊
10 မိရှမန္နတပါး၊ ယေရမိတပါး၊
11 အတ္တဲတပါး၊ ဧလျေလတပါး၊
12 ယောဟနန်တပါး၊ ဧလဇာဗဒ်တပါး၊
13 ယေရမိတပါး၊ မာခဗာနဲတပါး၊ ပေါင်းတကျိပ်တပါးတည်း။
14 ဤသူတို့သည် ဂဒ်အမျိုးသားတွင် ဗိုလ်လုပ်၍၊ အငယ်ကားလူတရာ၊ အကြီးကားလူတထောင်ကို အုပ်သောသူဖြစ်ကြ၏။
15 ယော်ဒန်မြစ်ရေသည် ကမ်းတရှောက်လုံးကို လွှမ်းမိုးသောကာလ ပဌမလတွင်၊ သူတို့သည်ကူး၍ မြေညီရာအရပ်အရှေ့အနောက်၌ နေသောသူအပေါင်းတို့ကို ပြေးစေကြ၏။