၁ ရာ​ချုပ် 14:2-8 BJB

2 ထာဝရဘုရားသည် ဒါဝိဒ်ကို ဣသရေလရှင်ဘုရင်အရာ၌ ခန့်ထားတော်မူကြောင်းနှင့် မိမိလူဣသ ရေလအမျိုးအဘို့အလိုငှါ၊ နိုင်ငံကို ချီးမြှောက်တော်မူကြောင်းကို ဒါဝိဒ်သိမြင်လေ၏။

3 ဒါဝိဒ်သည် ယေရုရှလင်မြို့၌ ထပ်၍မယားတို့ကို သိမ်းယူသဖြင့် သားသမီးများတို့ကို မြင်လေ၏။

4 ယေရုရှလင်မြို့၌ ဒါဝိဒ်မြင်သော သားတို့အမည်ကား၊ ရှမွာ၊ ရှောဗပ်၊ နာသန်၊ ရှောလမုန်၊

5 ဣဗဟာ၊ ဧလိရွှ၊ ဧလိပလက်၊

6 နောဂ၊ နေဖက်၊ ယာဖျာ၊

7 ဧလိရှမာ၊ ဧလျာဒ၊ ဧလိဖလက်တည်း။

8 ဒါဝိဒ်ကိုဘိသိက်ပေး၍ ဣသရေလ ရှင်ဘုရင်အရာ၌ ခန့်ထားကြောင်းကို ဖိလိတ္တိလူတို့သည်ကြားလျှင်၊ ထိုသူအပေါင်းတို့သည် ဒါဝိဒ်ကိုရှာ၍ လာကြ၏။ ထိုသိတင်းကို ဒါဝိဒ်သည် ကြားသောအခါ ချီသွား၏။