၁ ရာ​ချုပ် 14:5-11 BJB

5 ဣဗဟာ၊ ဧလိရွှ၊ ဧလိပလက်၊

6 နောဂ၊ နေဖက်၊ ယာဖျာ၊

7 ဧလိရှမာ၊ ဧလျာဒ၊ ဧလိဖလက်တည်း။

8 ဒါဝိဒ်ကိုဘိသိက်ပေး၍ ဣသရေလ ရှင်ဘုရင်အရာ၌ ခန့်ထားကြောင်းကို ဖိလိတ္တိလူတို့သည်ကြားလျှင်၊ ထိုသူအပေါင်းတို့သည် ဒါဝိဒ်ကိုရှာ၍ လာကြ၏။ ထိုသိတင်းကို ဒါဝိဒ်သည် ကြားသောအခါ ချီသွား၏။

9 ဖိလိတ္တိလူတို့သည် လာ၍ရေဖိမ်ချိုင့်၌ အနှံ့အပြားနေကြ၏။

10 ဒါဝိဒ်ကလည်း၊ အကျွန်ုပ်သည် ဖိလိတ္တိလူတို့ ရှိရာသို့သွားရပါမည်လော။ အကျွန်ုပ်လက်၌ အပ်တော်မူမည်လောဟု ဘုရားသခင်ကို မေးလျှောက်လျှင်၊ ထာဝရဘုရားကသွားလော့။ သင့်လက်၌ ငါအပ်မည်ဟု မိန့်တော်မူသည်အတိုင်း၊

11 ဒါဝိဒ်သည် ဗာလပေရဇိမ်မြို့သို့သွား၍ သူတို့ကို လုပ်ကြံပြီးမှ၊ ဘုရားသခင်သည် ရေထ၍ဖြိုဖျက်သကဲ့သို့ ငါ့ရန်သူတို့ကို ငါ့အားဖြင့် ဖြိုဖျက်တော်မူပြီဟုဆိုလျက်၊ ထိုအရပ်ကိုဗာလပေရဇိမ်အမည်ဖြင့် တွင်စေသတည်း။