၁ ရာ​ချုပ် 15:1-7 BJB

1 ထိုနောက်ဒါဝိဒ်မြို့၌ အိမ်တော်တို့ကို ဆောက်တော်မူ၏။ ဘုရားသခင်၏ သေတ္တာတော်ဌာနကို ပြင်၍ တဲတော်ကိုလည်း တည်တော်မူပြီးမှ၊

2 ဒါဝိဒ်က၊ ဘုရားသခင်၏ သေတ္တာတော်ကို ထမ်း၍ ရှေ့တော်၌ အမှုတော်ကို အစဉ်စောင့်စေခြင်းငှါ ထာဝရဘုရားသည် လေဝိသားတို့ကို ရွေးချယ်တော်မူ သောကြောင့်၊ အခြားတပါးသော သူတို့သည် ဘုရားသခင်၏ သေတ္တာတော်ကို မထမ်းရကြဟုဆိုလျက်၊

3 ထာဝရဘုရား၏ သေတ္တာတော်အဘို့ ပြင်ဆင် သော အရပ်ဌာနသို့ ဆောင်ခဲ့ခြင်းငှါ ဣသရေလအမျိုး သားအပေါင်းတို့ကို ယေရုရှလင်မြို့၌ စုဝေးစေသောအခါ၊

4 အာရုန်သားတို့နှင့် လေဝိသားတို့ကိုလည်း စုဝေး စေတော်မူ၍ ရောက်လာသောသူဟူမူကား၊

5 ကောဟတ်အမျိုးတွင် အကြီးဖြစ်သော ဥရေလ နှင့် သူ၏ညီအစ်ကိုတရာနှစ်ဆယ်၊

6 မေရာရိအမျိုးတွင် အကြီးဖြစ်သော အသာယ နှင့်သူ၏ညီအစ်ကိုတရာနှစ်ဆယ်၊

7 ဂေရရှုံအမျိုးတွင် အကြီးဖြစ်သော ယောလနှင့် သူ၏ညီအစ်ကို တရာသုံးဆယ်၊