1 ဣသရေလ၏သားများဟူမူကား၊ ရုဗင်၊ ရှိမောင်၊ လေဝိ၊ ယုဒ၊ ဣသခါ၊ ဇာဗုလုန်၊
2 ဒန်၊ ယောသပ်၊ ဗင်္ယာမန်၊ နဿလိ၊ ဂဒ်၊ အာရှာတည်း။
3 ယုဒသည် ခါနာန်အမျိုးဖြစ်သော ရှုအာသမီးတွင် မြင်သော သားကား ဧရ၊ ဩနန်၊ ရှေလတည်း။ ယုဒသားကြီးဧရသည် ထာဝရဘုရားရှေ့တော်၌ ဆိုးသောသူဖြစ်၍ ကွပ်မျက်တော်မူခြင်းကို ခံရ၏။
4 ချွေးမတာမာတွင် မြင်သောသားကား ဖာရက်နှင့် ဇာရတည်း။ ယုဒသားပေါင်းကား ငါးယောက်တည်း။