၁ ရာ​ချုပ် 2:23-29 BJB

23 ဂေရှုရမြို့၊ အာရံမြို့နှင့်တကွ ယာဣရမြို့စု၊ ကေနတ်မြို့နှင့် ပတ်ဝန်းကျင်သော မြို့စုမြို့ပေါင်း ခြောက်ဆယ်တို့ကို တိုက်ယူ၏။ ထိုမြို့အပေါင်းတို့ကို ဂိလဒ်အဘ မာခိရ၏သားမြေးတို့သည် ပိုင်ကြ၏။

24 ဟေဇရုံသည်ကာလက်ဧဖရတ်မြို့၌ သေသောနောက်၊ သူ၏မယား အဘိသည် သူ၏သား အာရှုရကို ဘွားမြင်၏။ အားရှုရသား ကာတေကောတည်း။

25 ဟေဇရုံ၏ သားဦးယေရမေလ သားကား သားဦးအာရံမှစ၍ ဗုန၊ ဩရင်၊ ဩဇင်၊ အဟိယတည်း။

26 အာတရအမည်ရှိသော အခြားမယားတွင် ဩနံကိုမြင်၏။

27 ယေရမေလ၏ သားဦးအာရံသားကားမာဇ၊ ယာမိန်၊ ဧကာတည်း။

28 ဩနံသားကားရှမ္မဲနှင့် ယာဒတည်း။ ရှမ္မဲသားကား နာဒပ်နှင့် အဘိရှုရတည်း။

29 အဘိဟဲလအမည်ရှိသော အဘိရှုရမယားသည် အာဗန်နှင့် မောလိဒ်ကို ဘွားမြင်၏။