32 ရှမ္မဲညီယာဒသားကား ယေသာနှင့် ယောနသန်တည်း။ ယေသာ၌ သားမရှိ။
33 ယောနသန်သားကား ပေလက်နှင့် ဇာဇတည်း။ ဤရွေ့ကား ယေရမေလအမျိုးအနွယ်တည်း။
34 ရှေရှန်၌သားမရှိ။ သမီးသက်သက်ရှိ၏။ ရှေရှန်၌ ယာဟအမည်ရှိသော အဲဂုတ္တုအမျိုးသား ကျွန်ယောက်ျားတယောက်ရှိ၍၊
35 ထိုကျွန်နှင့် သမီးတယောက်ကိုပေးစားသဖြင့်။ သမီးသည် အဘဘို့သားအတ္တဲကို ဘွားမြင်၏။
36 အတ္တဲသားကား နာသန်၊ နာသန်သားဇာဗဒ်။
37 ဇာဗဒ်သားဧဖလလ။ ဧဖလလသားဩဗက်၊
38 ဩဇက်သားယေဟု၊ ယေဟုသား အာဇရိတည်း။