၁ ရာ​ချုပ် 2:49-55 BJB

49 မာဒမေနအဘရှာဖ၊ မာခဗေနအဘရှေဝ၊ ဂိအာအဘကို၎င်း ဘွားမြင်၏။ ကာလက်သမီးကား အာခသတည်း။

50 ဧဖရတ်သားဦးဟုရ၏သားဖြစ်သော ကာလက်သားကား၊ ကိရယတ်ယာရိမ် အဘရှောဗာလ၊

51 ဗက်လင်အဘစလမ၊ ဗက်ဂါဒါအဘဟာရပ်တည်း။

52 ကိရယတ်ယာရိမ်အဘ ရှောဗာလသားဟူမူကား၊ ဟာရောနှင့် မနဟေသိ အမျိုးတပိုင်း၊

53 ကိရယတ်ယာရိမ်အမျိုးမျိုး၊ ဣသရိလူ၊ ဖုဟိလူ၊ ရှုမသိလူ၊ မိရှရိလူတည်း။ ထိုအမျိုးထဲက ဖာရာသိလူနှင့် ဧရှတောလိလူဖြစ်သတည်း။

54 စလမသားဟူမူကား၊ ဗက်လင်နှင့် နေတောဖာသိလူ၊ အတရုတ်၊ ဗက်ယွာဘ၊ မနဟေသိ အမျိုးတပိုင်း၊ ဇောရိလူ၊

55 ယာဗက်မြို့၌နေသော ရှောဖရိလူ၊ တိရသိလူ၊ ရှိမသိလူ၊ စုခသိလူတည်း။ ထိုသူတို့သည် ရေခပ်အမျိုး၏အဘဟေမတ်မှ ဆင်းသက်သော ကိနိအမျိုး၏ အဘဟေမတ်မှဆင်းသက်သော ကိနိအမျိုးဖြစ်သတည်း။