၁ ရာ​ချုပ် 20:4-8 BJB

4 နောက်တဖန် ဂေဇာမြို့မှ ဖိလိတ္တိလူတို့နှင့် စစ်တိုက်ကြစဉ်၊ ဟုရှသိလူသိဗေခဲသည် ရေဖိမ်အမျိုးသာဖကို သတ်၍ ဖိလိတ္တိလူတို့ကို အောင်မြင်လေ၏။

5 နောက်တဖန် ဖိလိတ္တိလူတို့ကို စစ်တိုက်ကြစဉ်၊ ယာဣယသား ဧလဟာနန်သည် ရက်ကန်းလက်လိပ်နှင့် အမျှကြီးသော လှံရိုးကိုသုံးစွဲသော ဂိတ္တိအမျိုးဂေါလျတ်၏ ညီလာခမိကို သတ်လေ၏။

6 နောက်တဖန်ဂါသမြို့မှာ စစ်တိုက်ကြစဉ်၊ အရပ်မြင့်၍ လက်တဘက်၌ လက်ခြောက်ချောင်းစီ၊ ခြေတဘက်၌ ခြေခြောက်ချောင်းစီ၊ ပေါင်းနှစ်ဆယ်လေး ချောင်းရှိသော ရေဖိမ်အမျိုးသားတယောက်သည်၊

7 ဣသရေလအမျိုးကို ကြိမ်းပသောအခါ၊ ဒါဝိဒ်အစ်ကိုရှိမာ၏ သားယောနသန်သည် ထိုသူကို သတ်လေ၏။

8 ဤသူတို့သည် ဂါသမြို့၌နေသော ရေဖိမ်လူကြီးသားဖြစ်၍ ဒါဝိဒ်နှင့်သူ၏ကျွန်တို့လက်ဖြင့်သေကြ၏။