၁ ရာ​ချုပ် 22:1-4 BJB

1 သို့ဖြစ်၍၊ ဒါဝိဒ်က ဤအရပ်သည် ထာဝရ အရှင်ဘုရားသခင်၏အိမ်တော်ဖြစ်၏။ ဤယဇ်ပလ္လင်သည် ဣသရေလအမျိုး၏ ယဇ်ပလ္လင်ဖြစ်၏ဟုဆိုလျက်၊

2 ဣသရေလပြည်၌ရှိသော တပါးအမျိုးသားတို့ကို စုဝေးစေခြင်း ငှါမိန့်တော်မူ၏။ ဘုရားသခင်၏အိမ်တော် တည်စရာဘို့ ကျောက်ဆစ်ရသော ပန်းရန်သမားတို့ကို လည်း စေခိုင်းတော်မူ၏။

3 တံခါးလုပ်စရာ သံချွန်အဘို့နှင့် သစ်သား ဆက်စရာအဘို့များစွာသောသံကို၎င်း၊ အချိန်မမှတ်နိုင်အောင် များစွာသော ကြေးဝါကို၎င်း၊

4 များစွာသော အာရဇ်သစ်သားကို၎င်း၊ ပြင်ဆင် တော်မူ၏။ ဇိဒုန်မြို့သားနှင့် တုရုမြို့သားတို့သည်၊ အာရဇ်သစ်သားအများကို အထံတော်သို့ ဆောင်ခဲ့ကြ၏။