၁ ရာ​ချုပ် 23:1-5 BJB

1 ဒါဝိဒ်မင်းသည် အသက်ကြီး၍ ကာလပြည့်စုံရာ အချိန်ရောက်သောအခါ၊ သားတော်ရှောလမုန်ကို ဣသ ရေလရှင်ဘုရင်အရာ၌ ခန့်ထား၍၊

2 ဣသရေလမင်း ယဇ်ပုရောဟိတ်၊ လေဝိသား အပေါင်းတို့ကို စုဝေးစေတော်မူ၏။

3 လေဝိသားတို့တွင် အသက်သုံးဆယ် လွန်၍ စာရင်းဝင်သော ယောက်ျားပေါင်းကား၊ သုံးသောင်း ရှစ်ထောင်တည်း။

4 ထိုသူတို့တွင် နှစ်သောင်းလေးထောင်တို့သည် ထာဝရဘုရား၏ အိမ်တော်အမှုကို ဆောင်ရွက်ရကြ၏။ ခြောက်ထောင်တို့သည် အရာရှိ၊ တရားသူကြီး လုပ်ရ ကြ၏။

5 လေးထောင်တို့သည် တံခါးကိုစောင့်ရကြ၏။ လေးထောင်တို့သည် ဂုဏ်တော်ကို ချီးမွမ်းစရာတုရိယာ တို့နှင့် ထာဝရဘုရား၏ဂုဏ်တော်ကို ချီးမွမ်းရကြ၏။