၁ ရာ​ချုပ် 23:20-26 BJB

20 ဩဇေလသားအကြီးကားမိက္ခာ၊ ဒုတိယသား ယေရှိတည်း။

21 မေရာရိသားကားမဟာလိနှင့် မုရှိတည်း။ မဟာလိသားကား ဧလာဇာနှင့် ကိရှတည်း။

22 ဧလာဇာသည်သားမရှိ။ သမီးသက်သက်ရှိ၍ သေ၏။ သူ့သမီးတို့နှင့်သူ့ညီကိရှသားတို့သည် စုံဘက် ကြ၏။

23 မုရှိသားကား မဟာလိ၊ ဧဒါ၊ ယေရိမုတ်၊ ပေါင်း သုံးယောက်တည်း။

24 ဤရွေ့ကားအသက်နှစ်ဆယ်လွန်၍ ထာဝရ ဘုရား၏ အိမ်တော်အမှုကို ဆောင်ရွက်ရသော လေဝိ အမျိုးသား အဆွေအမျိုးအလိုက် စာရင်းဝင်သော အဆွေ အမျိုးသူကြီးဖြစ်သတည်း။

25 ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရ ဘုရားသည် မိမိလူမျိုးအား ငြိမ်ဝပ်သောအခွင့်ကိုပေး၍ ကိုယ်တော်တိုင် ယေရုရှလင်မြို့၌ အစဉ်နေတော်မူသော ကြောင့်၊

26 လေဝိသားတို့သည် တဲတော်နှင့်တဲတော်အမှု ဆောင်ရွက်ရာ တန်ဆာများကို နောက်တဖန်မထမ်းရဟု ဒါဝိဒ်မိန့်တော်မူ၏။