၁ ရာ​ချုပ် 24:19-26 BJB

19 ထိုသို့သူတို့အဘအာရုန်အား ဣသရေလအမျိုး ၏ ဘုရားသခင် ထာဝရဘုရားမှာထားတော်မူ၍၊ အဘ အာရုန်စီရင်သည် အတိုင်းသူတို့သည် ထာဝရဘုရား၏ အိမ်တော်ကို ဝင်မြဲဝင်၍ အမှုတော်ကို ဆောင်ရွက် စေခြင်းငှါ ခွဲခန့်ခြင်းရှိသတည်း။

20 ကြွင်းသော လေဝိအမျိုးသားဟူမူကား၊ အာမရံ သားဖြစ်သော ရှုဗွေလ၏သားစုတွင် ယေဒေယ၊

21-22 ရေဟဘိသားစုတွင် ဣရှယာ၊ ဣဇဟာသား ဖြစ်သော ရှေလောမိတ်၏သားစုတွင် ယာဟတ်၊

23 ဟေဗြုန်သားစုတွင် သားအကြီးယေရိ၊ ဒုတိယ သားအာမရိ၊ တတိယသားယဟာဇေလ၊ စတုတ္ထသား ယေကမံ၊

24 ဩဇေလသားဖြစ်သော မိက္ခာ၏သားစုတွင် ရှမိရ၊

25 မိက္ခာညီဣရှယာသားစုတွင် ဇာခရိတည်း။

26 မေရာရိသားကား မဟာလိနှင့် မုရှိဖြစ်၍၊