၁ ရာ​ချုပ် 24:5-11 BJB

5 စာရေးတံပြုလျက် အသီးအခြား ခွဲခန့်၍ သန့်ရှင်းရာဌာနအုပ်၊ ဘုရားသခင်၏အမှုတော်အုပ်တို့ကို ဧလာဇာအမျိုးနှင့် ဣသမာအမျိုးထဲက ရွေးယူရ၏။

6 လေဝိအမျိုးနာသနေလသား စာရေးတော် ရှေမာယသည် ရှင်ဘုရင်၊ မှူးမတ်၊ ယဇ်ပုရောဟိတ် ဇာဒုတ်၊ အဗျာသာသား အဟိမလက်၊ ယဇ်ပုရောဟိတ် လေဝိသားအဆွေအမျိုးသူကြီးများ ရှေ့မှာနာမများကို မှတ်ရ၏။ စာရေးတံပြု၍ ဧလာဇာအမျိုးနှင့် ဣသမာ အမျိုးထဲက အလှည့်လှည့် ရွေးကောက်ခန့်ထားသော သူဟူမူကား၊

7 ပဌမသူယောယာရိပ်၊ ဒုတိယသူယေဒါယ၊

8 တတိယသူဟာရိမ်၊ စတုတ္ထသူစောရိမ်၊

9 ပဥ္စမသူမာလခိယ၊ ဆဌမသူမိယမိန်၊

10 သတ္တမသူဟက္ကုတ်၊ အဋ္ဌမသူအဘိယ၊

11 နဝမသူယေရွှာ၊ ဒသမသူ ရှေကနိ၊