၁ ရာ​ချုပ် 25:4-10 BJB

4 ဟေမန်သားဗုက္ကိ၊ မတ္တနိ၊ ဩဇေလ၊ ရှေဗွေလ၊ ယေရိမုတ်၊ ဟာနနိ၊ ဟာနန်၊ ဧလျာသ၊ ဂိဒ္ဒါလတိ၊ ရောမန္တေဇာ၊ ယောရှဗေကရှ၊ မလ္လောသိ၊ ဟောသိရ၊ မဟာဇုတ်တည်းဟူသော၊

5 ထိုသူအပေါင်းတို့သည် တံပိုးမှုတ်လျက် ဘုရား သခင်၏ တရားတော်ကို ဟောပြောသောရှင်ဘုရင်၏ ဆရာတော်ဟေမန်သားဖြစ်ကြ၏။ ဘုရားသခင်သည် ဟေမန်အား သားတကျိပ်လေးယောက်နှင့် သမီးသုံး ယောက်တို့ကို ပေးတော်မူ၏။

6 ထိုသားအပေါင်းတို့သည် အာသပ်၊ ယေဒုသုန်၊ ဟေမန်တို့ကို ရှင်ဘုရင်စီရင်သည်အတိုင်း အဘဟေမန်၌ တပည့်ဖြစ်၍၊ ထာဝရအရှင် ဘုရားသခင်၏အိမ်တော်၌ ခွက်ကွင်း၊ စောင်း၊ တယောကိုတီးလျက်၊ သီချင်းဆို၍ အမှုတော်ကို ဆောင်ရွက်ရကြ၏။

7 ထိုသူတို့နှင့်တကွ ထာဝရဘုရား၏သီချင်းကို သင်၍ လေ့ကျက်သော ညီအစ်ကိုပေါင်းတားနှစ်ရာ ရှစ်ကျိပ်ရှစ်ယောက်တည်း။

8 ထိုသူတို့သည်အကြီးအငယ် ဆရာတပည့် ရောနှောလျက် စာရေးတံပြု၍ သင်းဖွဲ့ရာမှာ၊

9 ပဌမသူကား၊ အာသပ်အပေါင်းအသင်းဝင်သူ ယောသပ်တည်း။ ဒုတိယသူဂေဒလိ၊ သူနှင့်သူ၏သား ညီပေါင်းကားတကျိပ်နှစ်ယောက်တည်း။

10 တတိယသူဇက္ကုရ၊သူနှင့်သူ၏သား ညီပေါင်း ကား တကျိပ်နှစ်ယောက်တည်း။