၁ ရာ​ချုပ် 26:19-25 BJB

19 ဤရွေ့ကား၊ တံခါးစောင့်အရာရှိသော ကောရ အမျိုးသားနှင့် မေရရိအမျိုးသားဖွဲ့သော အသင်းအသီး အသီးပေတည်း။

20 လေဝိသားတို့တွင်၊ အဟိယသည် ဘုရားသခင် ၏ အိမ်တော်ဘဏ္ဍာနှင့် ပူဇော်သောဘဏ္ဍာများကို အုပ်ရ၏။

21 အဆွေအမျိုးသူကြီးဖြစ်သော ဂေရရှုံအမျိုး လာဒန်သားတို့တွင် ယေဟေလိနှင့်၊

22 သူ၏သားဇေသံ ယောလတို့သည်လည်း ဘုရား သခင်၏ အိမ်တော်ဘဏ္ဍာကိုအုပ်ရ၏။

23 အာမရံအမျိုး၊ ဣဇဟာအမျိုး၊ ဟေဗြုန်အမျိုး၊ ဩဇေလအမျိုးသားအချို့ပါကြ၏။

24 မောရှေသားဂေရရှုံ၏သား ရှေဗွေလသည် လည်း ဘဏ္ဍာတော်တို့ကို အုပ်ရ၏။

25 ဂေရရှုံညီဧလျေဇာ၊ ဧလျေဇာသားရေဟဗိ၊ သူ၏သားယေရှာယ၊ သူ၏သားယောရံ၊ သူ၏သားဇိခရိ၊ သူ၏သားရှေလောမိတ်တည်း။