၁ ရာ​ချုပ် 26:4-11 BJB

4 ဩဗဒေဒုံ၏သားဦးရှေမာယ၊ ဒုတိယသား ယောဇဗပ်၊ တတိယသားယောအာ၊ စတုတ္ထသားစာကာ၊ ပဥ္စမသားနာ သနေလ၊

5 ဆဋ္ဌမသားအမျေလ၊ သတ္တမသားဣသခါ၊ အဌမသားပုလသဲတည်း။ ဩဗဒေဒုံကို ဘုရားသခင် သည် ကောင်းကြီးပေးတော်မူ၏။

6-7 သားဦးရှေမာယ၏သား ဩသနိ၊ ရေဖေလ၊ ဩဗက်၊ ဧလာဇာဗဒ်နှင့် ခွန်အားကြီးသော ညီလိဟု၊ သေမခိတို့သည် ခွန်အားကြီးသားသူရဲ၊ မိမိတို့အဆွေအမျိုး ၌ အစိုးရသောသူဖြစ်ကြ၏။

8 အမှုတော်ကို ဆောင်ရွက်ခြင်းငှါ တတ်စွမ်းနိုင် အောင်ခွန်အားကြီး သောဩဗဒေဒုံ အမျိုးသားချင်း ယောက်ျားပေါင်းကား ခြောက်ကျိပ်နှစ်ယောက်တည်း။

9 ခွန်အားကြီးသော မေရှလေမိသားညီ ယောက်ျားပေါင်းကား တကျိပ်ရှစ်ယောက်တည်း။

10 မေရာရိအမျိုး၊ ဟောသ၏သားတို့တွင် ရှိမရိ သည် သားဦးမဟုတ်သော်လည်း၊ အဘခန့်ထားသော ကြောင့် သားအကြီးဖြစ်သတည်း။

11 ဒုတိယသားကားဟိလခိ၊ တတိယသားတေဗလိ၊ စတုတ္ထသား ဇာခရိအစရှိသော ဟေဝသသားညီပေါင်း ကား တကျိပ်သုံးယောက်တည်း။