၁ ရာ​ချုပ် 27:14-20 BJB

14 ဧကဒသမလတွင် ဧကဒသမဗိုလ်မင်းကား ဧဖရိမ်အမျိုး၊ ပိရသောနိအနွှယ်ဖြစ်သောဗေနာယ၊ တပ်သားပေါင်းနှစ်သောင်းလေးထောင်တည်း။

15 ဒွါဒသမတွင် ဒွါဒသမဗိုလ်မင်းကား ဩသနေလ အမျိုး၊ နေတောဖာသိအနွယ်ဖြစ်သော ဟေလဒဲ၊ တပ် သားပေါင်းနှစ်သောင်းလေးထောင်တည်း။

16 ဣသရေလအမျိုးအသီးအသီးတို့ကို အုပ်သော မင်းဟူမူကား၊ ရုဗင်အမျိုးတွင် ဇိခရိ၏သားဧလျေဇာ၊ ရှိမောင်အမျိုးတွင် မာခ၏သား ရှေဖတိ။

17 လေဝိအမျိုးတွင် ကေမွေလ၏သားဟာရှဘိ၊ အာရုန်အမျိုးတွင် ဇာဒုတ်၊

18 ယုဒအမျိုးတွင် ဒါဝိဒ်အစ်ကိုဧလိဟု၊ ဣသခါ အမျိုးတွင် မိက္ခေလ၏သားဩမရိ၊

19 ဇာဗုလုန်အမျိုးတွင် ဩဗဒိ၏သားဣရှမာယ၊ နဿလိအမျိုးတွင် အာဇရေလ၏သား ယေရိမုတ်၊

20 ဧဖရိမ်အမျိုးတွင် အာဇဇိ၏သား ဟောရှေ၊ မနာရှေအမျိုးတဝက် တွင်ပေဒါယ၏သား ယောလ၊