၁ ရာ​ချုပ် 27:7-13 BJB

7 စတုတ္ထလတွင် စတုတ္ထဗိုလ်မင်းကား၊ ယွာဘ ညီအာသဟေလ၊ စစ်ကဲကားအာသဟေလသားဇေဗဒိ၊ တပ်သားပေါင်းနှစ်သောင်းလေးထောင်တည်း။

8 ပဥ္စမလတွင် ပဥ္စမဗိုလ်မင်းကား ဣဇဟာအမျိုး ရှံဟုတ်၊ တပ်သားပေါင်းနှစ်သောင်းလေးထောင်တည်း။

9 ဆဋ္ဌမလတွင် ဆဋ္ဌမဗိုလ်မင်းကား တေကောမြို့ သား၊ ဣကေရှ၏သားဣရ၊ တပ်သားပေါင်းနှစ်သောင်း လေးထောင်တည်း။

10 သတ္တမလတွင် သတ္တမဗိုလ်မင်းကား ဧဖရိမ် အမျိုး၊ ပေလောနိအနွှယ်ဖြစ်သော ဟေလက်၊ တပ်သား ပေါင်းနှစ်သောင်းလေးထောင်တည်း။

11 အဋ္ဌမလတွင်အဋ္ဌမဗိုလ်မင်းကား ဇာရအမျိုး၊ ဟုရှသိအနွှယ်ဖြစ်သော သိဗေကဲ၊ တပ်သားပေါင်း နှစ်သောင်းလေးထောင်တည်း။

12 နဝမလတွင် နဝမဗိုလ်မင်းကား ဗင်္ယာမိန် အမျိုး၊ အနေသောသိအနွှယ်ဖြစ်သောအဗျေဇာ၊ တပ်သား ပေါင်းနှစ်သောင်းလေးထောင်တည်း။

13 ဒသမလတွင် ဒသမဗိုလ်မင်းကား ဇာရအမျိုး၊ နေတောဖာသိအနွှယ်ဖြစ်သော မဟာရဲ၊ တပ်သားပေါင်း နှစ်သောင်းလေးထောင်တည်း။