၁ ရာ​ချုပ် 28:14-20 BJB

14 အမှုတော်အမျိုးမျိုးကို ဆောင်ရွက်စရာ ရွှေ တန်ဆာရှိသမျှတို့အဘို့ ရွှေကို၎င်း၊ ငွေတန်ဆာရှိသမျှတို့ အဘို့ ငွေကို၎င်းချိန်၍ အပ်တော်မူ၏။

15 ရွှေမီးခုံနှင့်ရွှေမီးခွက်အသီးအသီးအဘို့၊ ငွေမီးခုံ နှင့် ငွေမီးခွက်အသီးအသီး သုံးစရာရှိသည်အတိုင်း ရွှေငွေကို ချိန်၍ အပ်တော်မူ၏။

16 ရှေ့တော်မုန့်တင်စရာရွှေစားပွဲနှင့် ငွေစားပွဲ အသီးအသီးအဘို့ ရွှေငွေကိုချိန်၍ အပ်တော်မူ၏။

17 အမဲသားချိတ်၊ အင်တုံ၊ ဖလားများအဘို့ ရွှေစင် ကို၎င်း၊ ရွှေလင်ပန်းနှင့် ငွေလင်ပန်းအသီးအသီးအဘို့ ရွှေငွေကို၎င်း၊ ချိန်၍အပ်တော်မူ၏။

18 နံ့သာပေါင်းမီးရှို့ရာ ယဇ်ပလ္လင်အဘို့ ရွှေစင်ကို ၎င်း၊ အတောင်တို့ကို ဖြန့်၍ ထာဝရဘုရား၏ ပဋိညာဉ် သေတ္တာတော်ကို လွှမ်းမိုးသော ခေရုဗိမ်ရထားတော်ပုံ အဘို့ရွှေကို၎င်း၊ ချိန်၍အပ်တော်မူ၏။

19 ထိုပုံများရှိသမျှတို့ကို ရေးထားသည်အတိုင်း၊ နားလည်နိုင်သော ဥာဏ်ပညာကို ထာဝရဘုရားသည် ပေးတော်မူ၏။

20 သားတော်ရှောလမုန်အားလည်း၊ သင်သည် အားယူ၍ ရဲရင့်သော စိတ်နှင့်လုပ်ဆောင်လော့။ မစိုးရိမ် နှင့်။ စိတ်မပျက်နှင့်။ ငါ၏ဘုရားသခင် ထာဝရအရှင် ဘုရားသခင်သည် သင်နှင့်အတူရှိတော်မူလိမ့်မည်။ ထာဝရဘုရား၏အိမ်တော်မှုကို ဆောင်ရွက်ရာဘို့ လုပ် ဆောင်၍ လက်စမသတ်မှီတိုင်အောင် သင့်ကို စွန့်တော် မမူ။ ပစ်ထားတော်မမူ။