၁ ရာ​ချုပ် 3:1-6 BJB

1 ဟေဗြုန်မြို့၌ ဒါဝိဒ်မြင်သောသားတို့တွင် သားဦးကား၊ ယေဇရေလမြို့သူ အဟိနောင်တွင်မြင်သောသား အာမနုန်တည်း။ ဒုတိယသားကား၊ ကရမေလမြို့သူ အဘိဂဲလတွင် မြင်သောသား ဒံယေလတည်း။

2 တတိယသားကား၊ ဂေရှုရရှင်ဘုရင် တာလမဲသမီးမာခါ၏သား အဗရှလုံတည်း။ စတုတ္ထသားကား၊ ဟဂ္ဂိတ်၏သားအဒေါနိယတည်း။

3 ပဥ္စမသားကား အဘိတလ၏သားရှေဖတိတည်း။ ဆဌမသားကား၊ မြောက်သားတော် ဧဂလတွင် မြင်သောသား ဣသရံတည်း။

4 ထိုသားခြောက်ယောက်တို့ကို ဟေဗြုန်မြို့၌ မြင်၏။ ထိုမြို့တွင် ခုနစ်နှစ်နှင့် ခြောက်လမင်းပြု၏။ ယေရုရှလင်မြို့တွင် အနှစ်သုံးဆယ်သုံးနှစ်မင်းပြု၏။

5 ယေရုရှလင်မြို့၌မြင်သောသားဟူမူကား၊ ရှမွာ၊ ရှောဗပ်၊ နာသန်၊ ရှောလမုန်တည်းဟူသော အမျေလသမီး ဗာသရှေဘတွင် မြင်သောသား လေးယောက်။

6 ထိုမှတပါး၊ ဣဗဟာ။ ဧလိရွှ၊ ဧလိပလက်။