၁ ရာ​ချုပ် 3:3-9 BJB

3 ပဥ္စမသားကား အဘိတလ၏သားရှေဖတိတည်း။ ဆဌမသားကား၊ မြောက်သားတော် ဧဂလတွင် မြင်သောသား ဣသရံတည်း။

4 ထိုသားခြောက်ယောက်တို့ကို ဟေဗြုန်မြို့၌ မြင်၏။ ထိုမြို့တွင် ခုနစ်နှစ်နှင့် ခြောက်လမင်းပြု၏။ ယေရုရှလင်မြို့တွင် အနှစ်သုံးဆယ်သုံးနှစ်မင်းပြု၏။

5 ယေရုရှလင်မြို့၌မြင်သောသားဟူမူကား၊ ရှမွာ၊ ရှောဗပ်၊ နာသန်၊ ရှောလမုန်တည်းဟူသော အမျေလသမီး ဗာသရှေဘတွင် မြင်သောသား လေးယောက်။

6 ထိုမှတပါး၊ ဣဗဟာ။ ဧလိရွှ၊ ဧလိပလက်။

7 နောဂ၊ နေဖက်၊ ယာဖျာ၊

8 ဧလိရှမာ၊ ဧလျာဒ၊ ဧလိဖလက်၊ ပေါင်းကိုးယောက်တည်း။

9 ဤရွေ့ကားမယားငယ်တွင်ရသောသားတို့ကိုမဆိုဘဲ ဒါဝိဒ်၏သားများတည်း။ နှမသာမာလည်းရှိ၏။